ကလေး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရောဂါဌာन
Caring with experienced medical team

พร้อมบริการตรวจและรักษาโรคเด็ก โดยกุมารแพทย์ผู้ชำนาญการเฉพาะทาง ตลอด 24 ชั่วโมง เมื่อลูกไม่สบาย วางใจได้แม้ยามค่ำคืน

စင်ဖတ် ကလေးဆေးရုံ၏ ကလေးဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဗဟိုဌာန (Pediatric Nephrology Center)

ကလေးများ၏ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ မူမမှန်မှုများကို ဘက်စုံစစ်ဆေးကုသပေးလျက်ရှိသည်။

ကလေးများတွင် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာရောဂါများသည် မွေးကင်းစအရွယ်မှသည် ဆယ်ကျော်သက်အရွယ်အထိ ဖြစ်ပွားနိုင်သည်။ အကြောင်းရင်းမသိဘဲ ဖျားခြင်း၊ ဆီးသွားလျှင် ပူခြင်း/အောင့်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ညဘက်ဆီးရွှဲခြင်း သို့မဟုတ် မျက်နှာနှင့် မျက်ကွင်းများ ဖောရောင်ခြင်းစသည့် ကနဦးလက္ခဏာများသည် မပြင်းထန်ဟု ထင်ရသော်လည်း၊ ၎င်းတို့သည် စနစ်တကျ ရောဂါရှာဖွေကုသရန်လိုအပ်သော ရောဂါလက္ခဏာများ ဖြစ်နိုင်ပါသည်။ ကုသမှုမခံယူဘဲ ထားပါက ရေရှည်တွင် ကျောက်ကပ်အလုပ်လုပ်ပုံ၊ ကြီးထွားမှုနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

စင်ဖတ်ကလေးဆေးရုံ၏ ကလေးဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဗဟိုဌာနသည် ကလေးကျောက်ကပ်ရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ခေတ်မီစက်ကိရိယာများဖြင့် ရောဂါအကြောင်းရင်းကို တိကျစွာ ရှာဖွေဖော်ထုတ်ပြီး တစ်ဦးချင်းစီအတွက် သင့်လျော်သော ကုသမှုအစီအစဉ်များ ချမှတ်ပေးကာ ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဘဝအရည်အသွေး ကောင်းမွန်စေရန် စောင့်ရှောက်ပေးလျက်ရှိသည်။

ကျွန်ုပ်တို့ဗဟိုဌာနတွင် ကုသပေးနေသော ကလေးဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါများ

ကျွန်ုပ်တို့စင်တာသည် ကလေးများတွင် ဖြစ်ပွားတတ်သော ရုတ်တရက်နှင့် နာတာရှည် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ မူမမှန်မှုများကို အောက်ပါအတိုင်း ဘက်စုံကုသပေးလျက်ရှိသည် –

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI): ကျောက်ကပ်ခွက်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ အကြောင်းရင်းမသိဘဲ အဖျားကြီးခြင်း၊ ဆီးသွားလျှင် ပူခြင်း/အောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးနံ့ပြင်းခြင်း/နောက်ခြင်း/သွေးပါခြင်းနှင့် ဆီးခုံနာခြင်း။
  • မွေးရာပါ ဖွဲ့စည်းပုံမူမမှန်မှုများ: ဆီးအိမ်မှ ကျောက်ကပ်သို့ ဆီးပြန်ဆန်တက်ခြင်း (Vesicoureteral Reflux)၊ ဆီးပြွန်ပိတ်ဆို့ခြင်း၊ မွေးရာပါ ကျောက်ကပ်ရေအိတ်တည်/ဖောရောင်ခြင်း (Hydronephrosis)။
  • ကျောက်ကပ်နှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ: နက်ဖရိုတစ် ရောဂါစု (Nephrotic Syndrome)၊ ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)၊ ကလေးသွေးတိုးရောဂါ၊ ဆီးထဲတွင် ပရိုတင်းဓာတ် သို့မဟုတ် သွေးပါခြင်း။
  • ဆီးသွားခြင်းဆိုင်ရာ ပြဿနာများ: အသက်ကြီးသောကလေးများတွင် ညဘက်ဆီးရွှဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ယောက်ျားလေးများတွင် လိင်တံအရေပြားရောင်ရမ်းကျဉ်းမြောင်းခြင်း။
  • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျောက်တည်ခြင်း

အထူးပြု ရောဂါရှာဖွေရေးနှင့် ကုသမှုဝန်ဆောင်မှုများ

  • ဆီးစစ်ခြင်းနှင့် ပိုးမွေးခြင်း (Urine Test & Culture): ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် ဆီးထဲတွင် ပရိုတင်းဓာတ်ပါဝင်မှုကို တိကျစွာ စစ်ဆေးခြင်း။
  • သွေးစစ်ဆေးခြင်း: ကျောက်ကပ်အလုပ်လုပ်ပုံ၊ သွေးတွင်းဓာတ်ဆားပမာဏနှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ ကျောက်ကပ်ရောင်ရောဂါ ပဋိပစ္စည်းများကို စစ်ဆေးခြင်း။
  • ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် အာထရာဆောင်းရိုက်ခြင်း (Ultrasound KUB): ဓာတ်ရောင်ခြည်မပါဝင်ဘဲ ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်ဖွဲ့စည်းပုံကို ဘေးကင်းစွာ စစ်ဆေးခြင်း။
  • အထူးပြု ဓာတ်မှန်စစ်ဆေးခြင်း: ဆီးပြန်ဆန်တက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဆေးထိုးဓာတ်မှန်ရိုက်ခြင်း (VCUG)။
  • ထိရောက်သော ကုသမှုနည်းလမ်းများ: ပိုးသတ်ဆေးများ၊ အရောင်ကျဆေးများ ပေးခြင်း၊ ဆီးသွားအလေ့အကျင့်နှင့် သန့်ရှင်းရေးကို ထိန်းကျောင်းပေးခြင်းနှင့် နောက်ဆက်တွဲပြဿနာများကို စနစ်တကျ ကုသပေးခြင်း။

ဘာကြောင့် စင်ဖတ်ကလေးဆေးရုံ၏ ကလေးကျောက်ကပ်ဗဟိုဌာနကို ရွေးချယ်သင့်သလဲ?

  • ✓ ကလေးကျောက်ကပ်အထူးကုဆရာဝန်ကြီးများ: ကလေးဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးများက တိုက်ရိုက်ကုသပေးသဖြင့် ကလေးအရွယ်အလိုက် ရောဂါ၏ ရှုပ်ထွေးမှုများကို ကောင်းစွာ နားလည်သည်။
  • ✓ တိကျပြည့်စုံသော ရောဂါရှာဖွေမှု: စံနှုန်းမီဓာတ်ခွဲခန်းများနှင့် ခေတ်မီစက်ကိရိယာများဖြင့် ရောဂါအကြောင်းရင်းကို လျင်မြန်စွာ ရှာဖွေပေးနိုင်သည်။
  • ✓ ဆေးဘက်ဆိုင်ရာ ပေါင်းစပ်အဖွဲ့ဖြင့် စောင့်ရှောက်ခြင်း: ကလေးခွဲစိတ်ဆရာဝန်၊ အာဟာရပညာရှင်များနှင့် သက်ဆိုင်ရာ အထူးကုပညာရှင်များ ပူးပေါင်းကုသပေးသည်။
  • ✓ ကုသမှုနှင့် ကာကွယ်မှု နှစ်မျိုးလုံးကို အလေးထားခြင်း: ကလေးများ ရေရှည်ကျောက်ကပ်ကျန်းမာစေရန် ကိုယ်တိုင်စောင့်ရှောက်နည်း၊ အစားအသောက်၊ ရေသောက်ခြင်းနှင့် ပိုးထပ်မံမဝင်စေရန် ကာကွယ်နည်းများကို လမ်းညွှန်ပေးသည်။

အမေးများသော မေးခွန်းများ (Q&A)

Q: ကလေးတွေ ဆီးအောင့်ထားတတ်တာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တကယ် ဖြစ်စေနိုင်ပါသလား?

A: ဖြစ်စေနိုင်ပါသည်။ ဆီးအောင့်ထားခြင်းကြောင့် ဆီးအိမ်ထဲတွင် ဆီးများ ကြာရှည်စွာ ကျန်ရှိနေပြီး ဘက်တီးရီးယားပိုးများ လွယ်ကူစွာ ပေါက်ပွားကာ ပိုးဝင်ရောင်ရမ်းစေပါသည်။ မိဘများအနေဖြင့် ကလေးအား ၂-၃ နာရီတစ်ကြိမ် ပုံမှန်ဆီးသွားရန်နှင့် ဆီးမအောင့်ထားရန် လေ့ကျင့်ပေးသင့်ပါသည်။

Q: ကလေးက ညတိုင်း ဆီးရွှဲနေတာ ပုံမှန်မဟုတ်ဘူးလား?

A: အသက် ၅ နှစ်အောက် ကလေးများတွင် ညဘက်ဆီးရွှဲခြင်းသည် သဘာဝအရ ဖြစ်တတ်ပါသည်။ သို့သော် အသက် ၅ နှစ်ကျော်သည်အထိ ပုံမှန်ဆီးရွှဲနေပါက သို့မဟုတ် မဖြစ်တော့ဘဲ ပြန်ဖြစ်လာပါက အကြောင်းရင်းကို စစ်ဆေးသင့်ပါသည်။

Q: ဆီးပြန်ဆန်တက်ခြင်းက ကလေးအတွက် ဘယ်လောက် အန္တရာယ်ရှိပါသလဲ?

A: ဤအခြေအနေသည် ဆီးအိမ်မှ ဆီးများကို ကျောက်ကပ်ဆီသို့ ပြန်လည်စီးဆင်းစေပြီး ဘက်တီးရီးယားများကို ကျောက်ကပ်ဆီသို့ သယ်ဆောင်သွားကာ ကျောက်ကပ်ရောင်ရမ်းစေသောကြောင့် ဆရာဝန်နှင့် ပြသ၍ စောစီးစွာ ကုသသင့်ပါသည်။

Q: ကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ အန္တရာယ်ရှိပါသလား?

A: စောစီးစွာ ကုသမှုခံယူပါက အများအားဖြင့် လုံးဝပျောက်ကင်းနိုင်ပါသည်။ သို့သော် ကုသမှုမခံယူဘဲ ထားပါက သို့မဟုတ် မကြာခဏ ပြန်ဖြစ်နေပါက ကျောက်ကပ်တွင် အမာရွတ်များ ကျန်ရစ်စေပြီး ရေရှည်တွင် ကျောက်ကပ်အလုပ်လုပ်ပုံကို ထိခိုက်စေနိုင်ပါသည်။

Q: ကလေးကျောက်ကပ်ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါသလား?

A: ရောဂါအမျိုးအစားပေါ် မူတည်ပါသည်။ စောစီးစွာ ရောဂါရှာဖွေကုသမှု ခံယူပါက ကလေးကျောက်ကပ်ရောဂါ အများစုကို လုံးဝပျောက်ကင်းအောင် သို့မဟုတ် ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ပါသည်။