အထူးကြပ်မတ်ကုသဆောင် (ICU)
Caring with experienced medical team

Intensive Care Unit

စင်ဖတ် ရာမင်ထရာဆေးရုံ၏ အထူးကုသဆောင် (Intensive Care Unit)

အသက်အန္တရာယ်ရှိနိုင်သော အရေးကြီးဆုံးအချိန်တိုင်းတွင် ၂၄ နာရီပတ်လုံး အထူးကုဆရာဝန်ကြီးများနှင့် အဆင့်မြင့်အသက်ကယ်နည်းပညာများဖြင့် စောင့်ရှောက်ပေးလျက်ရှိသည်။

ရောဂါပြင်းထန်သူများ သို့မဟုတ် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေရှိသူများသည် အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပြီး၊ နှလုံး၊ အဆုတ်စသည့် အရေးကြီးကလီစာများ၏ အလုပ်လုပ်ပုံကို ၂၄ နာရီပတ်လုံး တိုင်းတာပေးနိုင်သော စက်ကိရိယာများရှိရန် လိုအပ်သည်။ သို့မှသာ အချိန်မီ ရောဂါရှာဖွေကုသနိုင်ပြီး၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေမည် ဖြစ်သည်။

စင်ဖတ်ရာမင်ထရာဆေးရုံ၏ အထူးကုသဆောင် (ICU) သည် အရေးပေါ်လူနာများကို အဆင့်မြင့်စံနှုန်းများဖြင့် ပြုစုကုသပေးလျက်ရှိသည်။ အထူးကုသဆောင်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ、 နယ်ပယ်စုံမှ အထူးကုဆရာဝန်များ、 အထူးကုသဆောင်နာပြုများ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ကာယကုထုံးပညာရှင်များ၊ အာဟာရပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ ပေါင်းစပ်အဖွဲ့များ ပူးပေါင်းကာ အနီးကပ် စောင့်ရှောက်ကုသပေးသည်။ ခေတ်မီဆေးဘက်ဆိုင်ရာစက်ကိရိယာများနှင့် နည်းပညာများ ပြည့်စုံစွာရှိသည့်အပြင်၊ အရေးပေါ်ဌာန၊ ခွဲစိတ်ခန်းနှင့် ဆေးရုံရှိ အခြားအထူးကုစင်တာများနှင့် စနစ်တကျ ချိတ်ဆက်ထားသဖြင့် လူနာများအနေဖြင့် အရေးပေါ်အခြေအနေမှသည် ကုသခြင်းနှင့် ပြန်လည်သန်စွမ်းရေးအထိ စဉ်ဆက်မပြတ် စောင့်ရှောက်မှုခံယူနိုင်ကာ၊ ဘဝကို ဘေးကင်းပြီး အကောင်းဆုံးဘဝအရည်အသွေးဖြင့် ပြန်လည်ဖြတ်သန်းနိုင်ခွင့် ရရှိစေမည် ဖြစ်သည်။

စင်ဖတ် ရာမင်ထရာဆေးရုံ အထူးကုသဆောင်၏ ရောဂါနယ်ပယ်အသီးသီးမှ အထူးကုသမှု ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ အထူးကုသဆောင်တွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု မြင့်မားသော ဝန်ထမ်းများ ရှိပြီး၊ ရောဂါနယ်ပယ်အားလုံးမှ လူနာများကို အောက်ပါအတိုင်း ထိရောက်ဘေးကင်းစွာ ကုသပေးလျက်ရှိသည် –

  • နှလုံးနှင့် သွေးကြောဆိုင်ရာ အရေးပေါ်လူနာများ: ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးပျက်စီးခြင်း၊ ပြင်းထန်သော နှလုံးခုန်နှုန်းမမှန်ခြင်းများနှင့် နှလုံးကုသမှုခံယူပြီးနောက်ပိုင်း လူနာများကို အနီးကပ်စောင့်ကြည့်စောင့်ရှောက်ပေးသည်။
  • အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်လူနာများ: အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ ပြင်းထန်သော အဆုတ်ရောင်ခြင်း ခံစားနေရသူများ သို့မဟုတ် အဆင့်မြင့် အသက်ရှူစက်အသုံးပြုရန်လိုအပ်သော လူနာများကို ကုသပေးသည်။
  • ပြင်းထန်သော ပိုးဝင်ရောဂါ ခံစားနေရသူများ: သွေးထဲတွင် ပိုးဝင်ခြင်း (Sepsis) သို့မဟုတ် စနစ်တကျ အနီးကပ် ထိန်းချုပ်ကုသရန်လိုအပ်သော အရေးကြီးကလီစာများတွင် ပိုးဝင်ခြင်း ခံစားနေရသူများကို စောင့်ရှောက်ကုသပေးသည်။
  • ထိခိုက်ဒဏ်ရာနှင့် ယာဉ်တိုက်မှုပြင်းထန်သူများ: ပြင်းထန်သော ထိခိုက်မှုခံရသူများ သို့မဟုတ် ယာဉ်တိုက်မှုကြောင့် ကြီးမားသောခွဲစိတ်မှုလုပ်ထားသူများအား နောက်ဆက်တွဲပြဿနာများမဖြစ်ပွားစေရန် အနီးကပ်စောင့်ကြည့်ကုသပေးသည်။
  • ကြီးမားသောခွဲစိတ်မှုပြီးနောက်ပိုင်း လူနာများ (Post-operative Care): ဦးနှောက်ခွဲစိတ်ခြင်း၊ ဝမ်းဗိုက်ခွဲစိတ်ခြင်း သို့မဟုတ် အခြားခန္ဓာကိုယ်စနစ်ဆိုင်ရာ ကြီးမားသောခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် သာမန်လူနာဆောင်သို့ မရွှေ့ပြောင်းမီ သွေးဖိအားနှင့် အသက်ရှူနှုန်းတို့ကို အနီးကပ် စောင့်ကြည့်ကုသပေးသည်။
  • အာရုံကြောစနစ်ဆိုင်ရာ အရေးပေါ်လူနာများ: ဦးနှောက်သွေးကြောရောဂါ (Stroke)၊ ဦးနှောက်သွေးယိုစီးခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းနှင့် သတိမေ့မြောနေသော လူနာများကို စောင့်ရှောက်ကုသပေးသည်။

အရေးပေါ်လူနာများအား ဘက်စုံစောင့်ရှောက်ပေးခြင်း

  • ၂၄ နာရီပတ်လုံး သွေးဖိအားနှင့် အသက်ရှူနှုန်းကို တိုင်းတာစောင့်ကြည့်ပေးခြင်း
  • သွေးကြောအတွင်း ဆေးရည်နှင့် ဆေးဝါးများ ထိုးသွင်းကုသပေးခြင်း
  • အသက်ရှူစနစ်နှင့် အသက်ရှူစက်များကို စနစ်တကျ စောင့်ရှောက်ပေးခြင်း
  • အခြေအနေအရ ကျောက်ကပ်ဆေးရန်လိုအပ်သော လူနာများကို ကျောက်ကပ်ဆေးကုသပေးခြင်း
  • ဆေးဘက်ဆိုင်ရာ ပေါင်းစပ်အဖွဲ့ဖြင့် အရေးပေါ်လူနာများကို စောစီးစွာ ပြန်လည်သန်စွမ်းရေးလုပ်ဆောင်ပေးခြင်း
  • အရေးပေါ်အခြေအနေတွင် လိုအပ်သော အာဟာရနှင့် ကာယကုထုံးများကို စနစ်တကျ ပေးအပ်ခြင်း

ဘာကြောင့် စင်ဖတ်ရာမင်ထရာဆေးရုံ၏ အထူးကုသဆောင်ကို ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်သလဲ?

  • ✓ အထူးကုသဆောင်ဆိုင်ရာ အထူးကုဆရာဝန်နှင့် နာပြုအဖွဲ့မှ ၂၄ နာရီပတ်လုံး စောင့်ရှောက်ခြင်း: အထူးကုသဆောင်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် အရေးပေါ်လူနာများကို ပြုစုကုသရာတွင် အတွေ့အကြုံရင့် ကျွမ်းကျင်နာပြုများက အခန်းတစ်ခန်းချင်းစီအလိုက် တစ်နေ့လုံးတစ်ညလုံး အနီးကပ် စောင့်ကြည့်စောင့်ရှောက်ပေးသည်။
  • ✓ ขေတ်မီအသက်ကယ်ကိရိယာနှင့် နည်းပညာများ: ခေတ်မီအသက်ရှူစက်များ၊ ဒီဂျစ်တယ်စနစ်ဖြင့် သွေးဖิအားနှင့် နှလုံးခုန်နှုန်း တိုင်းတာစက်များနှင့် အရေးကြီးကလီစာများ အလုပ်လုပ်ပုံကို အထောက်အကူပြုသည့် စက်ကိရိယာများ ပြည့်စုံစွာရှိသဖြင့် လူနာများ ဘေးကင်းစိတ်ချရသည်။
  • ✓ အထူးကုစင်တာများနှင့် ပူးပေါင်းကုသခြင်း: အရေးပေါ်ဌาန၊ ခွဲစိတ်ခန်း、 နှလုံးစင်တာ、 ဦးနှောက်နှင့်သွေးကြောစင်တာစသည့် အထူးကုစင်တာများနှင့် ချိတ်ဆက်ကာ ဆေးဘက်ဆိုင်ရာ ပေါင်းစပ်အဖွဲ့များဖြင့် ပူးပေါင်းစီမံချက်ဆွဲ ကုသပေးသည်။
  • ✓ နိုင်ငံတကာစံနှုန်းမီ ဘေးကင်းရေးနှင့် ပိုးသတ်စနစ်: ပိုးဝင်ခြင်းကို တင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်၊ လူဝင်လူထွက် ကန့်သတ်ထားပြီး လေဝင်လေထွက်စနစ်ကို စနစ်တကျ ထိန်းချုပ်ထားသဖြင့် လူနာများ ပြန်လည်ကောင်းမွန်လာစေရန် အဘေးကင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။

Q&A အမေးများသော မေးခွန်းများ

Q: ဘယ်လိုလူနာမျိုးတွေ ICU မှာ ကုသဖို့ လိုအပ်ပါသလဲ?
A: အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နှလုံးပျက်စီးခြင်း၊ ပြင်းထန်စွာ ပိုးဝင်ခြင်း၊ မေ့မြောခြင်း၊ ကြီးမားသောခွဲစိတ်မှုလုပ်ပြီးနောက်ပိုင်းလူနာများနှင့် ၂၄ နာရီပတ်လုံး အနီးကပ်စောင့်ကြည့်ရန် လိုအပ်သော အရေးပေါ်လူနာများ ဖြစ်သည်။
Q: လူနာရှင်တွေအနေနဲ့ ICU လူနာကို ဝင်ရောက်တွေ့ဆုံလို့ ရပါသလား?
A: ဆေးရုံက သတ်မှတ်ထားသော အချိန်အတွင်း ဝင်ရောက်တွေ့ဆုံနိုင်ပါသည်။ ၎င်းသည် လူနာ၏ ဘေးကင်းရေးနှင့် ပိုးဝင်ခြင်း ကာကွယ်ရန်အတွက် ဖြစ်ပြီး၊ လူနာ၏ အခြေအနေပေါ်မူတည်၍ အခြားစည်းကမ်းချက်များ ရှိနိုင်ပါသည်။
Q: ICU က လူနာတိုင်း အသက်ရှူစက် တပ်ဆင်ဖို့ လိုအပ်ပါသလား?
A: မလိုအပ်ပါ။ အသက်ရှူစက်တပ်ဆင်ရန် လို၊ မလိုကို ဆရာဝန်၏ ဆန်းစစ်ချက်နှင့် လူနာ၏ အသက်ရှူစနစ်အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်သည်။
Q: ICU နဲ့ သာမန်လူနာဆောင် ဘာကွာခြားသလဲ?
A: ICU တွင် ၂၄ နာရီပတ်လုံး အနီးကပ်စောင့်ကြည့်စနစ်များရှိပြီး၊ အထူးပြု အသက်ကယ်ကိရိယာများနှင့် အရေးပေါ်လူနာများကို စောင့်ရှောက်ရန် သီးသန့်လေ့ကျင့်ထားသော ဝန်ထမ်းများ ရှိသည်။
Q: လူနာအခြေအနေ ကောင်းမွန်လာရင် บယ်အချိန်မှာ ICU ကနေ သာมန်လူနာဆောင်ကို ပြောင်းရွှေ့နိုင်မလဲ?
A: လူနာ၏ အခြေအနေ တည်ငြိမ်သွားပြီး၊ အနီးကပ်စောင့်ကြည့်ရန် မလိုတော့ဘဲ သာမန်လူနာဆောင်တွင် ဆက်လက်စောင့်ရှောက်နိုင်ပြီဟု ဆရာဝန်က ဆန်းစစ်ဆုံးဖြတ်ပြီးလျှင် ပြောင်းရွှေ့နိုင်ပါသည်။