Social Media
စင်ဖတ် ရာမင်ထရာဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုဗဟိုဌาန (Check-up Center) ရောဂါလက္ခဏာမပြမီ ကြိုတင်စစ်ဆေးခြင်း… ရေရှည်ကျန်းမာရေးအစီအစဉ်ဆွဲရန် မသိမသာဖြစ်ပွားတတ်သော ရောဂါအန္တရာယ်များကို ရှာဖွေပေးသည်။ ကျန်းမာရေးစစ်ဆေးခြင်းသည် ပျော်ရွှင်သောဘဝအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ဖြစ်ပွားလေ့ရှိသော ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကနဦးအဆင့် ကင်ဆာရောဂါများ သို့မဟုတ် နေထိုင်မှုပုံစံကြောင့် ဖြစ်ပွားတတ်သော ရောဂါများသည် ကနဦးအဆင့်တွင် မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်းသည် ရောဂါလက္ခဏာမပြမီ အန္တရာယ်များနှင့် ပုံမှန်မဟုတ်မှုများကို ကြိုတင်ရှာဖွေပေးနိုင်သဖြင့် အချိန်မီ ကာကွယ်ကုသမှုစီမံချက်များ ဆွဲနိုင်စေသည်။ ၎င်းသည် ကုသမှုအောင်မြင်နိုင်ခြေကို မြှင့်တင်ပေးပြီး၊ ရေရှည်ဆေးကုသစရိတ်ကို လျှော့ချပေးကာ ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ပိုင်ဆိုင်စေမည် ဖြစ်သည်။ စင်ဖတ်ရာမင်ထရာဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုဗဟိုဌาန (Check Up…
ရောဂါလက္ခဏာမပြမီ ကြိုတင်စစ်ဆေးခြင်း… ရေရှည်ကျန်းမာရေးအစီအစဉ်ဆွဲရန် မသိမသာဖြစ်ပွားတတ်သော ရောဂါအန္တရာယ်များကို ရှာဖွေပေးသည်။
ကျန်းမာရေးစစ်ဆေးခြင်းသည် ပျော်ရွှင်သောဘဝအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် ဖြစ်ပွားလေ့ရှိသော ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကနဦးအဆင့် ကင်ဆာရောဂါများ သို့မဟုတ် နေထိုင်မှုပုံစံကြောင့် ဖြစ်ပွားတတ်သော ရောဂါများသည် ကနဦးအဆင့်တွင် မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်းသည် ရောဂါလက္ခဏာမပြမီ အန္တရာယ်များနှင့် ပုံမှန်မဟုတ်မှုများကို ကြိုတင်ရှာဖွေပေးနိုင်သဖြင့် အချိန်မီ ကာကွယ်ကုသမှုစီမံချက်များ ဆွဲနိုင်စေသည်။ ၎င်းသည် ကုသမှုအောင်မြင်နိုင်ခြေကို မြှင့်တင်ပေးပြီး၊ ရေရှည်ဆေးကုသစရိတ်ကို လျှော့ချပေးကာ ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ပိုင်ဆိုင်စေမည် ဖြစ်သည်။
စင်ဖတ်ရာမင်ထရာဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှုဗဟိုဌาန (Check Up Center) သည် အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအဖွဲ့က ဘက်စုံ ကျန်းမာရေးစစ်ဆေးမှု ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ အသက်အရွယ်၊ ကျား/မ၊ အလုပ်အကိုင်နှင့် တစ်ဦးချင်းစီ၏ အန္တရာယ်ဖြစ်နိုင်ခြေများအပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုအစီအစဉ်များကို ရွေးချယ်ပေးပြီး၊ နိုင်ငံတကာစံနှုန်းမီ ခေတ်မီစက်ကိရိယာများနှင့် ဆရာဝန်ကြီးများ၏ အသေးစိတ်အဖြေရှင်းလင်းချက်များဖြင့် သင့်အတွက် အသင့်တော်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု လမ်းညွှန်ချက်များကို ပေးအပ်လျက်ရှိသည်။
ကျန်းမာရေးစစ်ဆေးမှုဗဟိုဌာနသည် ကျန်းမာရေးဆန်းစစ်ချက်များကို အောက်ပါအတိုင်း ဘက်စုံစစ်ဆေးပေးလျက်ရှိသည် –
A: အလွန်လိုအပ်ပြီး အကျိုးရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် သွေးတိုး၊ သွေးတွင်းအဆီများခြင်း သို့မဟုတ် ကနဦးအဆင့် ဆီးချိုရောဂါများသည် ကနဦးတွင် မည်သည့်လက္ခဏာမျှ မပြတတ်သောကြောင့် ဖြစ်သည်။ အသက်ငယ်စဉ်ကတည်းက စစ်ဆေးထားပါက အဆိုပါရောဂါအန္တရာယ်များကို စောစီးစွာ သိရှိနိုင်ပြီး၊ ရောဂါမဖြစ်ပွားစေရန် နေထိုင်မှုပုံစံကို အချိန်မီ ပြောင်းလဲနိုင်သဖြင့် ရောဂါဖြစ်မှ ဆေးကုသခြင်းထက် ပိုမိုကောင်းမွန်သည်။
A: ယေဘုယျအားဖြင့် တစ်နှစ်လျှင် အနည်းဆုံး ၁ ကြိမ် စစ်ဆေးရန် အကြံပြုသည်။ ရောဂါအခံရှိသူများ သို့မဟုတ် ဆေးလိပ်သောက်ခြင်း၊ ကိုယ်အလေးချိန်များခြင်းနှင့် မိသားစုဝင်များတွင် ပြင်းထန်သော ရောဂါရာဇဝင်ရှိသူများအနေဖြင့် ပုံမှန်ထက် ပိုမိုစစ်ဆေးရန် လိုအပ်နိုင်သည်။
A: သွေးတွင်းသကြားဓာတ်နှင့် အဆီဓာတ်စစ်ဆေးခြင်းများအတွက် စစ်ဆေးမှုမပြုလုပ်မီ ၈-၁၂ နာရီခန့် အစားအသောက်နှင့် အချိုရည်များ ရှောင်ကြဉ်ရပါမည် (ရေသောက်နိုင်ပါသည်)။ ၎င်းသည် ရွေးချယ်ထားသော စစ်ဆေးမှုအစီအစဉ်အပေါ် မူတည်သည်။
A: ဆရာဝန်က စစ်ဆေးချက်ရလဒ်ကို အသေးစိတ်ရှင်းပြပေးပြီး လိုအပ်သော ဆေးကုသမှု၊ ထပ်မံစစ်ဆေးမှုများ သို့မဟုတ် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် လျင်မြန်စွာ လွှဲပြောင်းကုသပေးပါလိမ့်မည်။
A: အသက်၊ ကျား/မ၊ ရောဂါအခံ၊ မိသားစုရာဇဝင်နှင့် နေထိုင်မှုပုံစံတို့အပေါ် မူတည်၍ ရွေးချယ်သင့်ပြီး၊ ဆရာဝန်နှင့် တိုင်ပင်ကာ သင့်အတွက် အသင့်တော်ဆုံးစစ်ဆေးမှုကို ရွေးချယ်နိုင်သည်။