မီးဖွားခန်းနှင့် ကလေးမွေးဖွားရေးဌာန
Caring with experienced medical team

စင်ဖတ် ရာမင်ထရာဆေးရုံ၏ မွေးဖွားရေးဌာန (Labor & Delivery Unit) ဘဝသစ်တစ်ခု၏ ပထမဆုံးခြေလှမ်းကို ဘေးကင်းစွာ ကြိုဆိုခြင်း… နိုင်ငံတကာစံနှုန်းမီ စောင့်ရှောက်မှုဖြင့် အရေးကြီးဆုံးအချိန်တိုင်းတွင် စိတ်အေးချမ်းမှု ရရှိစေသည်။ ကလေးမွေးဖွားခြင်းသည် မိခင်တစ်ဦးနှင့် မိသားစုအတွက် ဘဝတွင် အရေးကြီးဆုံးအချိန်များအနက် တစ်ခုဖြစ်သည်။ မွေးဖွားရန် ဗိုက်နာလာချိန်မှစ၍ ကလေးငယ် မျက်စိဖွင့်လာသည့် ပထမဆုံး စက္ကန့်အထိ ကာလအတွင်း မိခင်နှင့်ကလေး ဘေးကင်းစေရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်နှင့် ဖြစ်လာနိုင်သော အရေးပေါ်အခြေအနေများကို ရင်ဆိုင်နိုင်ရန် သားဖွားမီးယပ်ဆရာဝန်၊ နာပြုများနှင့် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အနီးကပ်စောင့်ရှောက်မှု လိုအပ်သည်။ စင်ဖတ်ရာမင်ထရာဆေးရုံ၏ မွေးဖွားရေးဌာနသည် မိခင်နှင့်ကလေးငယ်အား ၂၄ နာရီပတ်လုံး ဘက်စုံစောင့်ရှောက်ပေးရန် အသင့်ရှိနေပါသည်။ အတွေ့အကြုံရင့် သားဖွားမီးယပ်ဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊ မွေးဖွားရေးခန်းနာပြုများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအဖွဲ့က နိုင်ငံတကာစံနှုန်းမီ…

စင်ဖတ် ရာမင်ထရာဆေးရုံ၏ မွေးဖွားရေးဌာန (Labor & Delivery Unit)

ဘဝသစ်တစ်ခု၏ ပထမဆုံးခြေလှမ်းကို ဘေးကင်းစွာ ကြိုဆိုခြင်း… နိုင်ငံတကာစံနှုန်းမီ စောင့်ရှောက်မှုဖြင့် အရေးကြီးဆုံးအချိန်တိုင်းတွင် စိတ်အေးချမ်းမှု ရရှိစေသည်။

ကလေးမွေးဖွားခြင်းသည် မိခင်တစ်ဦးနှင့် မိသားစုအတွက် ဘဝတွင် အရေးကြီးဆုံးအချိန်များအနက် တစ်ခုဖြစ်သည်။ မွေးဖွားရန် ဗိုက်နာလာချိန်မှစ၍ ကလေးငယ် မျက်စိဖွင့်လာသည့် ပထမဆုံး စက္ကန့်အထိ ကာလအတွင်း မိခင်နှင့်ကလေး ဘေးကင်းစေရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်နှင့် ဖြစ်လာနိုင်သော အရေးပေါ်အခြေအနေများကို ရင်ဆိုင်နိုင်ရန် သားဖွားမီးယပ်ဆရာဝန်၊ နာပြုများနှင့် ကျွမ်းကျင်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အနီးကပ်စောင့်ရှောက်မှု လိုအပ်သည်။

စင်ဖတ်ရာမင်ထရာဆေးရုံ၏ မွေးဖွားရေးဌာနသည် မိခင်နှင့်ကလေးငယ်အား ၂၄ နာရီပတ်လုံး ဘက်စုံစောင့်ရှောက်ပေးရန် အသင့်ရှိနေပါသည်။ အတွေ့အကြုံရင့် သားဖွားမီးယပ်ဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊ မွေးဖွားရေးခန်းနာပြုများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအဖွဲ့က နိုင်ငံတကာစံနှုန်းမီ မွေးဖွားခန်းများ၊ ခွဲစိတ်ခန်းများနှင့် ခေတ်မီဆေးဘက်ဆိုင်ရာကိရိယာများကို အသုံးပြုကာ၊ မွေးဖွားမှုတိုင်း ဘေးကင်းပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော ဘဝသစ်အစဖြစ်စေရန် စောင့်ရှောက်ပေးလျက်ရှိသည်။

မွေးဖွားရေးဌာန၏ ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ မွေးဖွားပြီးချိန်အထိ မိခင်များအတွက် အောက်ပါအတိုင်း ဘက်စုံစောင့်ရှောက်ပေးလျက်ရှိသည် –

  • မွေးဖွားခြင်းမပြုမီ စောင့်ရှောက်မှု (Antenatal Care): မိခင် ဗိုက်စနာလာချိန်တွင် မွေးဖွားခန်းမဝင်မီ ဘေးကင်းစေရန် သန္ဓေသား၏ ကျန်းမာရေးနှင့် နှလုံးခုန်နှုန်းကို NST စက်ဖြင့် စောင့်ကြည့်စစ်ဆေးပေးခြင်း။
  • မွေးဖွားစဉ် စောင့်ရှောက်မှု (Intrapartum Care): သဘာဝအတိုင်းမွေးဖွားခြင်း (Normal Labor)၊ နာကျင်မှုနည်းပါးသော သဘာဝမွေးဖွားခြင်း (မေ့ဆေးဆရာဝန်က နာကျင်မှုလျှော့ချပေးခြင်း)၊ ခွဲစိတ်မွေးဖွားခြင်း (Cesarean Section) နှင့် စိုးရိမ်ရသော ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးကုသစောင့်ရှောက်မှုများအထိ ပါဝင်ပြီး၊ အခန်းတစ်ခန်းချင်းစီအလိုက် ဆရာဝန်နှင့် နာပြုအဖွဲ့က အနီးကပ်စောင့်ရှောက်ပေးသည်။
  • မွေးဖွားပြီးနောက် စောင့်ရှောက်မှု (Postnatal Care): မွေးဖွားပြီးပြီးချင်း သွေးသွန်ခြင်းမဖြစ်အောင် မိခင်အား အနီးကပ်စောင့်ကြည့်စစ်ဆေးပေးခြင်း၊ ကလေးငယ်အား ကလေးအထူးကုဆရာဝန်က ကနဦးကျန်းမာရေးစစ်ဆေးပေးခြင်း။
  • မွေးဖွားခြင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းနှင့် ပြင်ဆင်ခြင်း: မွေးဖွားစဉ် လိုက်နာရမည့်အချက်များ၊ နာကျင်မှုလျော့နည်းစေရန် အသက်ရှူလေ့ကျင့်ခန်းလုပ်နည်းများနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို လမ်းညွှန်ပေးသဖြင့် မိခင်များ စိုးရိမ်ပူပန်မှု လျော့နည်းစေသည်။

ဘာကြောင့် စင်ဖတ်ရာမင်ထရာဆေးရုံမှာ ကလေးမွေးသင့်သလဲ?

  • ✓ မိခင်နှင့်ကလေးငယ်အား ၂၄ နာရီပတ်လုံး စောင့်ရှောက်ပေးခြင်း: သားဖွားမီးယပ်ဆရာဝန်၊ မေ့ဆေးဆရာဝန်、 ကျွမ်းကျင်မွေးဖွားခန်းနာပြုများနှင့် ကလေးအထူးကုဆရာဝန်များက အချိန်မရွေး အသင့်ရှိနေပြီး အနီးကပ် စောင့်ရှောက်ပေးသည်။
  • ✓ နိုင်ငံတကာစံနှုန်းမီ ခေတ်မီမွေးဖွားခန်းနှင့် ကိရိယာများ: မိခင်၏အခြေအနေနှင့် သန္ဓေသား၏နှလုံးခုန်နှုန်းကို တิကျစွာတိုင်းတာသော စက်များကို အသုံးပြုပြီး၊ ပိုးသတ်ထားသော သန့်ရှင်းဘေးကင်းသည့် မွေးဖွားခန်းများရှိသည်။
  • ✓ အရေးပေါ်အခြေအနေများကို ပေါင်းစပ်အဖွဲ့ဖြင့် ရင်ဆိုင်နိုင်ခြင်း: သားဖွားမီးယပ်ဆရာဝန်၊ ကလေးဆရာဝန်、 မေ့ဆေးဆရာဝန်、 နာပြုများနှင့် NICU (သက်ငယ်အထူးကုသဆောင်) အဖွဲ့တို့ ပူးပေါင်းကာ၊ ရိုးရိုးမွေးဖွားခြင်းနှင့် စိုးရိမ်ရသောမွေးဖွားခြင်းများအတွက် စနစ်တကျ ပြင်ဆင်ထားသည်။
  • ✓ မွေးဖွားခြင်းမပြုမီမှ မွေးဖွားပြီးချိန်အထိ ဘက်စုံစောင့်ရှောက်မှု: မိခင်၏ သက်သောင့်သက်သာရှိမှုကို အဓိကထားပြီး၊ မွေးဖွားပြီး ပထမဆုံးနာရီမှစ၍ မိခင်နို့တိုက်ကျွေးနိုင်ရန် ကူညီလမ်းညွှန်ပေးသည်။

Q&A အမေးများသော မေးခွန်းများ

Q: ညဘက်ကြီး ဗိုက်နာလာရင် မွေးဖွားရေးဌာနမှာ ဘယ်လိုပြင်ဆင်ထားပါသလဲ?

A: ကျွန်ုပ်တို့၏ မွေးဖွားရေးဌာနသည် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး၊ သားဖွားမီးယပ်ဆရာဝန်၊ မွေးဖွားခန်းနာပြုများနှင့် ကလေးဆရာဝန်များက တစ်ညလုံး အသင့်ရှိနေကာ၊ ဆေးဘက်ဆိုင်ရာကိရိယာများလည်း အသင့်စနစ်တကျ ပြင်ဆင်ထားရှိပါသည်။

Q: ဘယ်လို ကိုယ်ဝန်ဆောင် သတိပေးလက္ခဏာတွေရှိရင် ဆေးရုံကို ချက်ချင်း လာသင့်သလဲ?

A: မိခင်များအနေဖြင့် – ရေမြွှာရည်ထွက်ခြင်း၊ သွေးဆင်းခြင်း、 ဗိုက်အဆက်မပြတ်နာခြင်း (သားအိမ်မာပြီး ၅-၁၀ မိနစ်တစ်ကြိမ် ပိုမိုနာကျင်လာပြီး အနားယူသော်လည်း မသက်သာခြင်း) သို့မဟုတ် ကလေးလှုပ်ရှားမှုနည်းခြင်း (တစ်နေ့လျှင် ၁၀ ကြိမ်အောက် လှုပ်ရှားခြင်း) စသည်တို့ဖြစ်ပွားပါက ဆေးရုံသို့ ချက်ချင်း လာရောက်ပြသသင့်သည်။

Q: ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာ ရွေးချယ်လို့ ရပါသလား?

A: ရွေးချယ်နိုင်ပါသည်။ ဆရာဝန်က မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အသင့်တော်ဆုံးနှင့် အဘေးကင်းဆုံး မွေးဖွားမှုနည်းလမ်းကို မိခင်နှင့်အတူ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ပေးပါလိမ့်မည်။

Q: မွေးပြီးပြီးချင်း ကလေးကို မိခင်နို့ ချက်ချင်းတိုက်လို့ ရပါသလား?

A: မိခင်နှင့် ကလေးငယ် နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပါက၊ ဆရာဝန်နှင့် နာပြုများက ကလေးငယ်အား မိခင်နို့ အမြန်ဆုံး စတင်တိုက်ကျွေးရန် ကူညီလမ်းညွှန်ပေးပါလိမ့်မည်။

Q: စိုးရိမ်ရတဲ့ ကိုယ်ဝန်ဆောင်မျိုးဆိုရင် စင်ဖတ်ဆေးရုံမှာ မွေးဖွားလို့ ရပါသလား?

A: မွေးဖွားနိုင်ပါသည်။ ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာ ပေါင်းစပ်အဖွဲ့များရှိသဖြင့် စိုးရိမ်ရသော ကိုယ်ဝန်ဆောင်များနှင့် မွေးဖွားမှုများကို စနစ်တကျ အနီးကပ်စောင့်ရှောက်ပေးနိုင်ပါသည်။