စင်ဖတ် ကလေးဆေးရုံ၏ ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာဗဟိုဌာန (Pediatric Endocrinology and Metabolism Center)
ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးများက သင့်ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုတိုင်းကို စောင့်ရှောက်ပေးလျက်ရှိသည်။
“ သူငယ်ချင်းတွေထက် အရပ်ပုနေခြင်း” ၊ “ အရပ်အလွန်အမင်း မြန်မြန်ရှည်လာခြင်း” ၊ “ ကိုယ်အလေးချိန် လွယ်လွယ်နှင့် တက်လာခြင်း” ၊ “ အသက်ငယ်ငယ်နှင့် ဆီးချိုဖြစ်ခြင်း” သို့မဟုတ် “ အရွယ်မတိုင်မီ အပျို/လူပျိုဖော်ဝင်ခြင်း” စသည်တို့သည် မျိုးရိုးတစ်ခုတည်းကြောင့် မဟုတ်ဘဲ စောစီးစွာ ရောဂါရှာဖွေကုသရန်လိုအပ်သော ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ မူမမှန်မှုများ ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။
စင်ဖတ်ကလေးဆေးရုံ၏ ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာဗဟိုဌာနတွင် မိဘများ၏ စိုးရိမ်ပူပန်မှုများကို နားလည်ပြီး၊ ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ခေတ်မီရောဂါရှာဖွေရေးစက်ကိရိယာများဖြင့် ကလေးတစ်ဦးချင်းစီအတွက် သင့်လျော်သော ကုသမှုအစီအစဉ်များ ချမှတ်ပေးကာ၊ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးပြီး အကောင်းဆုံးဘဝအရည်အသွေးကို ပိုင်ဆိုင်နိုင်စေရန် စောင့်ရှောက်ပေးလျက်ရှိသည်။
ကျွန်ုပ်တို့ဗဟိုဌာနတွင် ကုသပေးနေသော ကလေးဟော်မုန်းဆိုင်ရာ ရောဂါများ
ကလေးများတွင် ဖြစ်ပွားတတ်သော ဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ မူမမှန်မှုများကို အောက်ပါအတိုင်း ဘက်စုံကုသပေးလျက်ရှိသည် –
- အရွယ်မတိုင်မီ အပျို/လူပျိုဖော်ဝင်ခြင်း (Puberty Issues): သတ်မှတ်အရွယ်ထက်စော၍ အပျို/လူပျိုဖော်ဝင်ခြင်း (ဥပမာ – မိန်းကလေးများတွင် အရွယ်မတိုင်မီ ရင်သားထွက်လာခြင်း)။
- ကြီးထွားမှုဆိုင်ရာ မူမမှန်မှုများ (Growth Disorders): ပုံမှန်ထက် အရပ်ပုခြင်း/အရပ်ရှည်လွန်းခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ ကြီးထွားဟော်မုန်းချို့တဲ့ခြင်း (Growth Hormone Deficiency)။
- ကလေးဆီးချိုနှင့် အဝလွန်ရောဂါ (Diabetes & Pediatric Obesity): အင်ဆူလင်တုံ့ပြန်မှုနည်းခြင်း၊ ကျန်းမာရေးကို ထိခိုက်စေသော ကလေးအဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်မူမမှန်ခြင်း၊ ကလေးအမျိုးအစား (၁) နှင့် (၂) ဆီးချိုရောဂါ။
- သိုင်းရွိုက်ဂလင်းဆိုင်ရာ မူမမှန်မှုများ: သိုင်းရွိုက်ဟော်မုန်းများခြင်း၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ လည်ပင်းကြီးရောဂါ၊ သိုင်းရွိုက်အကျိတ်။
- ကျောက်ကပ်အထက်ဂလင်းနှင့် ဦးနှောက်အောက်ဂလင်း မူမမှန်မှုများ: ကော်တီဆောဟော်မုန်း မူမမှန်ခြင်း၊ မွေးရာပါ ကျောက်ကပ်အထက်ဂလင်းရောဂါ (CAH)၊ ပီကျူထရီဂလင်း မူမမှန်ခြင်း။
- ကယ်လ်စီယမ်၊ အရိုးနှင့် ဗီတာမင် D မူမမှန်မှုများ: ဗီတာမင် D ချို့တဲ့ခြင်း၊ အရိုးပျော့ရောဂါ၊ ကယ်လ်စီယမ်နှင့် ဖော့စဖရပ် မူမမှန်ခြင်း။
ရောဂါရှာဖွေရေးနှင့် ကုသမှုဝန်ဆောင်မှုများ
- ကြီးထွားမှု၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ဖွံ့ဖြိုးမှုများကို စစ်ဆေးအကဲဖြတ်ခြင်း
- ဟော်မုန်းနှင့် ဇီဝဓာတုဓာတ်ခွဲခန်းဆိုင်ရာ အထူးစစ်ဆေးမှုများ
- ဟော်မုန်းလှုံ့ဆော်မှုစစ်ဆေးခြင်း (Hormonal Stimulation Test)
- သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်အလုပ်လုပ်ပုံ စစ်ဆေးခြင်း
- သိုင်းရွိုက်ဂလင်းအလုပ်လုပ်ပုံ စစ်ဆေးခြင်း
- အရပ်ရှည်နိုင်စွမ်းကို ခန့်မှန်းရန် အရိုးသက်တမ်း (Bone Age) ဓာတ်မှန်ရိုက် စစ်ဆေးခြင်း
- ဇီဝကမ္မနှင့် ဆက်စပ်မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကို စစ်ဆေးခြင်း
- အဝလွန်ခြင်းနှင့် ဆီးချိုရောဂါရှိသော ကလေးများအတွက် အာဟာရနှင့် နေထိုင်မှုအပြုအမူဆိုင်ရာ အကြံဉာဏ်ပေးခြင်း
- လိုအပ်သော အခြေအနေများတွင် ဟော်မုန်းဖြင့် ကုသပေးခြင်း
- ကလေးဆီးချိုလူနာများအတွက် ဆေးဝါးနှင့် အင်ဆူလင်ပမာဏကို စနစ်တကျ ညှိနှိုင်းကုသပေးခြင်း
- ရေရှည်ကြီးထွားဖွံ့ဖြိုးမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပေးခြင်း
ဘာကြောင့် စင်ဖတ်ကလေးဆေးရုံ၏ ကလေးဟော်မုန်းဗဟိုဌာနကို ရွေးချယ်သင့်သလဲ?
- ✓ ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ ကလေးအထူးကုဆရာဝန်ကြီးများ (Pediatric Endocrinologist): ဤနယ်ပယ်တွင် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများက တိုက်ရိုက် အနီးကပ် ကုသပေးသည်။
- ✓ တစ်ဦးချင်းစီအတွက် သီးသန့်ကုသမှု (Personalized Care): စံနှုန်းမီဓာတ်ခွဲခန်းများနှင့် စက်ကိရိယာများဖြင့် ရောဂါအကြောင်းရင်းကို ရှာဖွေပြီး ဟော်မုန်းညှိခြင်း၊ အရိုးသက်တမ်းစောင့်ကြည့်ခြင်းနှင့် အာဟာရထိန်းကျောင်းခြင်းတို့ကို ကလေးတစ်ဦးချင်းစီအလိုက် စီမံကုသပေးသည်။
- ✓ ဘက်စုံစောင့်ရှောက်မှု: အခြားကလေးအထူးကုဆရာဝန်များ၊ အာဟာရပညာရှင်များနှင့် ပေါင်းစပ်အဖွဲ့များဖြင့် ကလေး၏ ကျန်းမာရေးကို ဘက်စုံစောင့်ရှောက်ပေးသည်။
- ✓ ကြီးထွားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း: အရပ်၊ ကိုယ်အလေးချိန်နှင့် ဖွံ့ဖြိုးမှုများကို ပုံမှန်စစ်ဆေးပေးသည့် စနစ်ရှိသဖြင့် ကလေး၏ အမြင့်ဆုံးကြီးထွားနိုင်စွမ်းကို ရရှိစေသည်။
အမေးများသော မေးခွန်းများ (Q&A)
Q: ကလေး “ အရွယ်မတိုင်မီ အပျို/လူပျိုဖော်ဝင်ခြင်း” ဖြစ်နေတာကို ဘယ်လိုသတိထားနိုင်မလဲ?
A: မိန်းကလေးများတွင် အသက် ၈ နှစ်မတိုင်မီ ရင်သားစတင်ထွက်လာခြင်း သို့မဟုတ် အသက် ၉-၁၀ နှစ်မတိုင်မီ ရာသီစတင်လာခြင်း၊ ယောက်ျားလေးများတွင် အသက် ၉ နှစ်မတိုင်မီ ဝှေးစေ့ကြီးလာခြင်း၊ အသံပြောင်းလာခြင်း၊ အမွေးအမျှင်များ ထွက်လာခြင်းတို့ တွေ့ရှိပါက အရိုးသက်တမ်းနှင့် ဟော်မုန်းပမာဏကို စစ်ဆေးရန် ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်း ပြသသင့်သည်။
Q: ကလေး အရွယ်မတိုင်မီ အပျို/လူပျိုဖော်ဝင်ရင် ဘာဆိုးကျိုးတွေ ရှိနိုင်သလဲ?
A: ကလေး၏ အရိုးကြီးထွားမှုစောစီးစွာ ရပ်တန့်သွားနိုင်သဖြင့် အရွယ်ရောက်ချိန်တွင် ရသင့်သော အရပ်အမောင်းထက် ပိုမိုပုသွားနိုင်သည့်အပြင်၊ စိတ်ပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းတွင်လည်း ထိခိုက်မှုများ ရှိနိုင်ပါသည်။
Q: အရိုးသက်တမ်း (Bone Age) စစ်ဆေးတာက ဘာလဲ?
A: ဘယ်ဘက်လက်နှင့် လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ပြီး စံနှုန်းများနှင့် နှိုင်းယှဉ်ကာ ကလေး၏ အရိုးဖွံ့ဖြိုးမှုသည် အမှန်တကယ်အသက်ထက် စောနေသလား သို့မဟုတ် နောက်ကျနေသလားကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သည်။
Q: ကလေးက သူငယ်ချင်းတွေထက် အရပ်ပုနေရင် ဆရာဝန်ဆီ ဘယ်အချိန်မှာ ပြသင့်သလဲ?
A: ကလေး၏ အရပ်သည် သတ်မှတ်စံနှုန်းထက် လျော့နည်းနေပါက၊ ကြီးထွားမှုပုံမှန်ထက် နှေးနေပါက ကလေးအထူးကုဆရာဝန်နှင့် စောစီးစွာ ပြသသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင့်တော်သောအသက်အရွယ်တွင် ကြိုတင်ကုသမှုခံယူခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိစေသောကြောင့် ဖြစ်သည်။
Q: ကလေး အဝလွန်နေရင် ဆရာဝန်ပြဖို့ လိုပါသလား?
A: လိုအပ်ပါသည်။ ကိုယ်အလေးချိန်များခြင်းနှင့်အတူ သွေးတွင်းအဆီများခြင်း၊ သွေးချိုတက်ခြင်း သို့မဟုတ် အင်ဆူလင်တုံ့ပြန်မှုနည်းခြင်းတို့ ရှိနေပါက နောင်တွင် နာတာရှည်ရောဂါများ မဖြစ်စေရန် စစ်ဆေးကုသသင့်ပါသည်။
Q: ဆီးချိုဖြစ်နေတဲ့ ကလေးတွေ ပုံမှန်အတိုင်း နေထိုင်နိုင်ပါသလား?
A: နေထိုင်နိုင်ပါသည်။ မှန်ကန်သောကုသမှုခံယူပြီး သွေးတွင်းသကြားဓာတ်ကို စနစ်တကျ ထိန်းချုပ်ကာ ဆရာဝန်နှင့် ပုံမှန်ပြသပါက ကလေးများအနေဖြင့် ကျောင်းတက်ခြင်း၊ အားကစားလုပ်ခြင်းနှင့် ပုံမှန်ဘဝအတိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်ပါသည်။
Q: ဘယ်လိုလက္ခဏာတွေရှိရင် ကလေးကို ဟော်မုန်းစစ်ဆေးဖို့ ခေါ်လာသင့်သလဲ?
A: ကလေး အရပ်ပုခြင်း၊ ပုံမှန်ထက် အလွန်လျင်မြန်စွာ ကြီးထွားခြင်း၊ ကိုယ်အလေးချိန် အဆမတန်တက်ခြင်း သို့မဟုတ် ပိန်လွန်းခြင်း၊ အရွယ်မတိုင်မီ စောစီးစွာ သို့မဟုတ် နောက်ကျမှ အပျို/လူပျိုဖော်ဝင်ခြင်း၊ လည်ပင်းကြီးခြင်း၊ အလွယ်တကူ မောပန်းခြင်း သို့မဟုတ် မိသားစုတွင် ဟော်မုန်းရောဂါရာဇဝင်ရှိပါက စစ်ဆေးမှု ခံယူသင့်ပါသည်။